Supercomputer တွေနဲ့ AI တွေ ရဲ့ ဘောလုံးပွဲ ခန့်မှန်းမှု တွေက ဘာလို့ မှားတာလဲ။ Supercomputer နဲ့ AI တွေ နောက်က Machine Learning အကြောင်း။

နှစ်စဥ်နှစ်တိုင်း ဘောလုံးရာသီတွေ ၊ Tournament တွေတိုင်းမှာ AI တွေ စူပါကွန်ပျူတာတွေရဲ့ ခန့်မှန်းချက်တွေ အကြောင်းကို အမြဲကြားရပြီး ခန့်မှန်းမှုအမှားတွေလုပ်တတ်လို့ ဘောလုံးပရိသတ်အများစုက စူပါကွန်ပျူတာတွေကို မယုံကြည်ကြပါဘူး။ ဘောလုံးပွဲတွေ အကြောင်းကို Analyst လုပ်မယ်ဆိုရင် Tactical အရကော၊ Statistical data တွေကိုကော ထည့်သွင်းစဥ်းစားဖို့ လိုအပ်လိမ့်မယ်။ ဒီ Supercomputer တွေနဲ့ AI တွေရဲ့ ဘောလုံးပွဲ ခန့်မှန်းမှုတွေ အကြောင်းပြောမယ်ဆို ဒါတွေ နောက်ကွယ်က Machine Learning အကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။ Machine Learning ဆိုတာက Statistics, Probability, Data Science တို့အချိုးကျ ပါဝင်တဲ့ sector တစ်ခု ဖြစ်ပါတယ်။ Artificial Intelligence … Read more

Liverpool အသင်းရဲ့ နည်းပညာပိုင်း Innovation များ။

လက်ရှိခေတ်မှာ နည်းပညာတွေ တဖြည်းဖြည်း တိုးတက်လာတာနဲ့ အမျှ ဘောလုံး အားကစားလောကမှာလည်း လိုအပ်တဲ့ ကဏ္ဍအလိုက် နည်းပညာအသုံးချ အဆင့်မြှင့်တင့်မှုတွေ ပြုလုပ်လာကြပြီးတော့ ဘောလုံးအားကစား နည်းပညာ ပိုင်းကလည်း ကစားကွက် ပိုင်း ၊ စီးပွားရေး ပိုင်း နဲ့ ပရိသတ်နဲ့ ထိတွေ့ဆက်ဆံမှု အပိုင်းတွေမှာ ပိုပြီးပါဝင်ပက်သက်လာပါတယ်။ ဘောလုံး အသင်းတွေရဲ့ နည်းပညာပိုင်း အသုံးချမှုတွေထဲမှာ စာရေးသူအနေနဲ့ လီဗာပူး ၊ ရီးရဲမက်ဒရစ် ၊ ဘိုင်ယန် မြူးနစ် ၊ ဒေါ့မွန် နဲ့ ရိုးမား ၊ မန်စီးတီး တို့ရဲ့ Project တွေကို သဘောအကျဆုံး ဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လီပါပူး အသင်းနဲ့ ပက်သက်တဲ့ နည်းပညာပိုင်း Project တွေနဲ့ ပြီးခဲ့တဲ့ … Read more

ဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်ခြင်း နဲ့ နောက်ကွယ်က နည်းပညာများ။

ကျွန်တော်တို့ နာမည်ကြီး ဘောလုံးပွဲတွေကို TV ကနေပဲ ဖြစ်ဖြစ် ၊ Laptop, Phone တွေကနေပဲ ဖြစ်ဖြစ် လွယ်လွယ်ကူကူ ကြည့်ရှူဖြစ်နိုင်ပေမဲ့ ဘောလုံးပွဲ တစ်ပွဲကို ကမ္ဘာတစ်ဝန်းက ပရိသတ်တွေဆီ တိုက်ရိုက်ထုတ်လွှင့်ပြသရတဲ့ အခါ နောက်ကွယ်က လုပ်ငန်းစဉ်‌‌ တွေ ကတော့ ကျွန်တော်တို့ ထင်မှတ်ထားသလို လွယ်ကူမနေပါဘူး။ နောက်ကွယ်မှာ ရိုက်ကူးရေး သမားတွေ ၊ အစီအစဉ်တင်ဆက် ကြေငြာသူတွေ ၊ နည်းပညာရှင်တွေ နဲ့ အခြား အတတ်ပညာရှင်များက ချောချောမွေ့မွေ့ ဖြစ်အောင်ကို ပြသနေချိန်အတွင်း သေချာစီမံနေရပါတယ်။ ယခု ဆောင်းပါးမှာတော့ တိုက်ရိုက်ဘောလုံးပွဲတွေ နောက်ကွယ်က ရိုက်ကူးရေး ၊ အသံထိန်းညှိမှု ၊ ရုပ်သံ ထုတ်လွှင့်မှု ၊ အချက်အလက် ဒေတာ ဖော်ပြမှုနဲ့ … Read more