Chatgpt ပေါ်လာပြီးနောက် Industry တိုင်းမှာ AI တွေပိုမို အသုံးပြုလာကြသလို ဘောလုံးလောကမှာ AI နည်းပညာတွေကို အသုံးပြုနေကြမှုဟာ နေ့စဉ်နေ့တိုင်း ပိုမိုကျယ်ပြန့်လာနေပါတယ်။ ဒီ Post မှာတော့ AI နည်းပညာတွေကို ဘောလုံးလောကမှာ ဘယ်လိုအသုံးပြုနေကြသလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
1. Recommender System
Recommender System ဆိုတာက user တွေ အတွက် စိတ်ကြိုက် အကြံပေးမှုတွေ ဖန်တီးပေးတဲ့ နည်းပညာ system တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်ဟာ သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှု၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှု ရှိနိုင်ချေတွေကို ခန့်မှန်းပြီး သက်ဆိုင်ရာ အကြံပေးချက်တွေကို ပြုလုပ်ပေးပါတယ်။ Facebook က People you may know တို့ ၊ Spotify က recommended song တွေက လည်း recommender system လို့ ပြောလို့ရပါတယ်။ Fifa Mobile ၊ E football တို့က Default Line up တွေကလည်း Recommender System သုံးထားတာလို့ပြောလိုံ့ရပါတယ်။
ဘောလုံး လောကမှာတော့ Recommender System ကို အသင်း Line up နဲ့ ကစားကွက် အတွက်တွေ ၊ ကျန်းမာရေး နဲ့ ကြံခိုင်ရေး အခြေအနေ အတွက် သုံးတာတွေ ၊ Financial ပိုင်း ၊ Fan Engagement ပိုင်းနဲ့ Scouting ပိုင်းတွေ အတွက်ကို အဓိက အသုံးပြုကြပါတယ်။
အပြောင်းအရွှေ့ကာလမှာတုန်းက ကျွန်တော်တို့ Recommender System for Scouting ဆိုပြီး တစ်ခါတင်ထားဖူးပါတယ်။
2. Live Stats in Broadcast
ရုပ်သံထုတ်လွှင့်မှု တွေမှာလည်း မကြာသေးမီနှစ်တွေမှာ AI နည်းပညာကို အသုံးပြုတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေ ပိုမိုပါဝင်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တုန်းက ဘောလုံးပိုင်ဆိုင်မှုတွေသာ ကြည့်လို့ရတဲ့ အချိန်တွေကနေ တစ်ဖြည်းဖြည်းနဲ့ ကစားသမားအချင်းချင်း နှိုင်းယှဥ်ပြီး ကြည့်လို့ရတာ မိနစ် အပိုင်း အခြားလိုက် Pocession Rate နဲ့ ပြလာနိုင်တာတွေက နောက်ပိုင်းမှာ ရုပ်သံ Video တွေကနေ Data Trecking လုပ်ပြီး Cloud Based AI model တွေ ပိုပြီး Develop ဖြစ်လာတာ ကြောင့် ဖြစ်ပါတယ်။
2021 / 2022 ခုနှစ်မှာတော့ Oracle ကနေ Match Insight Powered by Oracle ဆိုတဲ့ Machine Learning based Model တစ်ခုကို စတင်မိတ်ဆက်လာပြီးတော့ နောက်ပိုင်းမှာ Live Stats Display တွေနဲ့ Graphic တွေပါ တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ ပြသလာနိုင်ပါတယ်။
Match Insight Powered by Oracle အကြောင်း – https://www.premierleague.com/news/2210969
3. Performance Analysis
ဘောလုံးအသင်းတွေဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို တိကျစွာ ဝေဖန်စစ်ဆေးနိုင်ဖို့ AI နည်းပညာကို အသုံးပြုလာကြပါတယ်။ ဘောလုံးမှာ Data Science နဲ့ Data Analysis နည်းပညာတွေက ပိုမို အရေးပါလာပြီး AI powered Analysis တွေနောက်ပိုင်းမှာ ပြုလုပ်လာကြပါတယ်။
အရင်က ဘောလုံးမှာ ကိန်းဂဏန်းတွေနဲ့ပဲ Data Analysis လုပ်တာက သိပ်ပြီး Accuracy မကောင်းခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ Computer Vision တွေ ၊ Video Tracking နည်းပညာတွေက ပိုပြီး Develop လာချိန်မှာတော့ Heatmap တွေ ၊ Playstyle Paths တွေ ကိုပါ Analysis လုပ်လာနိုင်ချိန်မှာတော့ ပိုပြီး Accuracy ကောင်းလာပါတယ်။
Liverpool FC က ကို Google DeepMind နဲ့ ပူးပေါင်းပြီး Tactic AI ကို Develop လုပ်ခဲ့ပြီး 2024 / 2025 ရာသီကစကာ Tatic AI ကို စတင် အသုံးပြုသွားမှာလို့ ကြေငြာခဲ့ပြီး အသုံးပြုနေကြပါပြီ။ ဒီ Tatic AI ဆိုတာက Set Pieces အသုံးပြုမှုနဲ့ Counter Attack တွေအတွက် ပြုလုပ်ထားတဲ့ AI powered program ဖြစ်ပါတယ်။
Real Madrid အသင်းကလည်း AI powered Wearable Technology တွေကို သုံးပြီး Training တွေမှာ ကစားသမားတွေရဲ့ ကြံခိုင်မှု ၊ နှလုံးခုန်နှုန်း ၊ Performance စတဲ့ အကြောင်းအရာတွေကို Analysis လုပ်လေ့ရှိပါတယ်။
ဘောလုံးအသင်းတွေထဲမှာတော့ Performance Analysis ပိုင်းနဲ့ ပက်သက်လာပြီဆိုရင် လီပါပူး ၊ ရီးရဲ နဲ့ ဘရိုက်တန်တို့က တော်တော်လေး ရှေ့ပြေးတယ် ပြောလို့ရပါတယ်။
Liverpool နဲ့ Tatics AI – https://deepmind.google/…/tacticai-ai-assistant-for…/
Real Madrid wearable technology အကြောင်း – https://www.geospatialworld.net/…/how-location…/
4. Large Language Model (LLM)
Transformer Architecture နဲ့ ChatGPT ပေါ်ထွက်လာပြီး ကထည်းက AI လောကမှာ LLM တွေရဲ့ အကြောင်းတွေက ပိုပြီး Trending ဖြစ်လာပါတယ်။
Large Language Model (LLM) ဆိုတာက Generative AI အမျိူးအစားတစ်ခု ဖြစ်ပြီး ဘာသာစကားနဲ့ Text သို့မဟုတ် Speech ကို Generate လုပ်နိုင် / Interact လုပ်နိုင်တဲ့ Model တစ်ခု ဖြစ်ပါတယ်။
ဘောလုံးလောကမှာ လက်တလောမှာတော့ LLM based Football Commentator တွေကို စတင် Develop လုပ်နေကြပြီး အချို့က Recommender System တွေမှာ LLM model တွေကို API နဲ့ ချိတ်ဆက်ပြီး အသုံးပြုလာကြပါတယ်။
အောက်က Link မှာတော့ LLM တွေကို LLM based Football Commentator model တစ်ခုနဲ့ ပက်သက်တဲ့ Research Paper တစ်စောင် ထည့်ပေးထားပါတယ်။
5. Hate Speech Detection and Reporting in Social Media
Hate Speech Detection နဲ့ အော်တို Report System တွေကိုတော့ ပြီးခဲ့တဲ့ ပြင်သစ် အိုလံပစ်မှာ တွင်တွင်ကျယ်ကျယ် စတင်အသုံးပြုလာပါတယ်။
အင်တာနက်ပေါ်မှာ ကစားသမားတွေနဲ့ အသင်းတွေကို လိမ်ညာဝေဖန်တဲ့ Hate Speech တွေ ရင်ဆိုင်ရတဲ့အခါ AI နည်းပညာဟာ ထိထိရောက်ရောက် အသုံးပြုနိုင်ပါတယ်။ Social Media ပေါ်မှာ ဖြစ်ပွားနေတဲ့ Hate Speech တွေကို AI နည်းပညာ အသုံးပြုပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ရန်အတွက် နဲ့ ကစားသမားတွေ အပေါ်မှာ Pressure တွေလျော့နိုင်အောင်ဆိုပြီး အားကစား အသင်းတွေက စတင် အသုံးပြုလာပါတယ်။
6. AI in the Newsrooms
သတင်းမီဒီယာလောကမှာလည်း AI နည်းပညာက ကြီးမားတဲ့အခန်းကဏ္ဍ တစ်ခု ပါဝင်နေပါပြီ။ သတင်းထုတ်လွှင့်မှုတွေ၊ မီဒီယာပါဝင်ပတ်သက်မှုတွေ အတွက် AI နည်းပညာဟာ သတင်းဆောင်းပါးတွေ၊ အမြင်ဆောင်းပါးတွေကို ပြုစုရာမှာ အလွန်ထိရောက်တဲ့ စနစ်တစ်ခု ဖြစ်လာနေပါတယ်။
ဘောလုံးလောကမှာ AI နည်းပညာတွေကို အသုံးပြုတဲ့ နိုင်ငံတကာက Media တွေများပါတယ်။ Opta တို့လို့ Sports Data Journalism Media တွေဆိုရင် ကိုယ်ပိုင် AI Studio တွေ ၊ Ai Analysis Program တွေပါ ရှိကြပါတယ်။
ဘောလုံး အသင်းတွေရဲ့ Social Media Team တွေကလည်း Fan Engagement အတွက် Personalized Content တွေအသုံးပြုဖို့ Gen AI တွေအသုံးပြုလာကြပါတယ်။ Liverpool အသင်းက Wasabi Technology Group နဲ့ Collaborative လုပ်ပြီး Content Creation ပိုင်းမှာ AI အသုံးပြုမှု ရှိပါတယ်။
Liverpool နဲ့ AI https://www.businessinsider.com/liverpool-football-club…
Opta AI Studio
7 AI in football game
PES , FIFa တို့လို Game တွေမှာလည်း AI ကို အသုံးပြုရပါတယ်။ Line up Suggestion ပိုင်း ၊ Opponent Reaction ပိုင်းနဲ့ Online Match တွေအတွက်ဆို Match Making လုပ်တဲ့နေရာတွေမှာ သုံးပါတယ်။
Game တွေအတွက်ဆိုရင် Reinforcement Learning Model တွေကို အသုံးပြုကြပါတယ်။ Game တွေမှာ သုံးတဲ့ AI တွေ အကြောင်းကိုတော့ နောက်မှာ သပ်သပ်စီ post တစ်ခုအနေနဲ့ အသေးစိပ်ရေးပေးပါမယ်။
Efootball – https://www.konami.com/games/eu/en/topics/17636/
Fifa24 https://www.dailystar.co.uk/…/ea-sports-fc-24-using…
8 VAR နဲ့ Goal Line Technology။
ဒီ VAR နဲ့ Goal Line Technology ဆိုတာကလည်း AI driven technology ဆိုတဲ့ Category ထဲထည့်လို့ရပါတယ်။ Movement တွေကို Video Tracking နဲ့ Analysis လုပ်ပြီး ဒိုင်လူကြီးတွေကို အကူအညီပေးတဲ့ နည်းပညာ ဖြစ်ပါတယ်။
ဒီ နည်းပညာတွေက တော်တော်လေးကို ကောင်းမွန်တဲ့ အရာတွေဖြစ်ပေမဲ့ VAR အသုံးပြုသူတွေရဲ့ တလွဲ အသုံးပြုမှုတွေကြောင့် တစ်ခါတစ်လေ ပရိသတ်တွေ အတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာတွေလည်း ဖြစ်နေတတ်ပါတယ်။